Published on: October 1, 2026
Warning Letter ဆိုတာကို Employee အများစုက “အပြစ်ပေးတဲ့စာ” တစ်စောင်အဖြစ်သာ မြင်တတ်ကြပါတယ်။ ဒါပေမယ့် HR Management အမြင်ကနေကြည့်မယ်ဆိုရင် Warning Letter ဆိုတာ Employee တစ်ယောက်ရဲ့ အလုပ်ဆိုင်ရာပြဿနာတွေကို တရားဝင်အသိပေးပြီး ပြန်လည်တိုးတက်လာစေဖို့ အသုံးပြုတဲ့ Corrective Action Process တစ်ခု ဖြစ်ပါတယ်။
✅️ ဒါကြောင့် အခြေအနေတိုင်းမှာ ချက်ချင်းထုတ်ပေးတာမဟုတ်ဘဲ ပြဿနာရဲ့ အကြောင်းရင်း၊ ပြင်းထန်မှုနဲ့ Employee ရဲ့ တုံ့ပြန်မှုကို သေချာစိစစ်ပြီး ဆောင်ရွက်သင့်ပါတယ်။
ဒါဆို ဘယ်လိုအခြေအနေမျိုးတွေမှာWarning Letter ထုတ်ပေးသင့်တာလဲ?
1️⃣ Performance မတိုးတက်လာတဲ့အခါ
Employee တစ်ယောက်ရဲ့ အလုပ်စွမ်းဆောင်ရည်က သတ်မှတ်ထားတဲ့ Standard မပြည့်မီတဲ့အခါ ပထမဆုံးအနေနဲ့ Feedback ပေးခြင်း၊ Coaching ပြုလုပ်ခြင်းနဲ့ လိုအပ်တဲ့ Support ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။
ဒါပေမယ့် အကြိမ်ကြိမ် လမ်းညွှန်ပေးပြီးသားဖြစ်သော်လည်း Performance မတိုးတက်လာဘူးဆိုရင် Warning Letter ထုတ်ပေးရန် စဉ်းစားနိုင်ပါတယ်။
2️⃣ Attendance ပြဿနာများ ဆက်တိုက်ဖြစ်တဲ့အခါ
အလုပ်တက်ရောက်မှုနဲ့ အချိန်တိကျမှုဆိုတာက Employee တစ်ယောက်ရဲ့ အခြေခံတာဝန်ယူမှုထဲမှာ ပါဝင်ပါတယ်။
အကြောင်းပြချက်မရှိဘဲ အလုပ်ပျက်ခြင်း၊ အကြိမ်ကြိမ် နောက်ကျခြင်း၊ Company Attendance Policy ကို မလိုက်နာခြင်းတွေ ဆက်တိုက်ဖြစ်နေတဲ့အခါ Warning Letter ထုတ်ပေးခြင်းဖြင့် တရားဝင်အသိပေးနိုင်ပါတယ်။
3️⃣ Company Policy များကို ချိုးဖောက်တဲ့အခါ
Company တစ်ခုချင်းစီမှာ Employee တွေလိုက်နာရမယ့် Rules, Policies နဲ့ Code of Conduct တွေ ရှိပါတယ်။
အဆိုပါ စည်းမျဉ်းများကို သိရှိပြီးသားဖြစ်သော်လည်း ထပ်ခါတလဲလဲ မလိုက်နာခြင်း၊ Company ရဲ့ စံနှုန်းတွေကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်များရှိတဲ့အခါမှာလည်း Warning Letterကို ထုတ်ပေးနိုင်ပါတယ်။
4️⃣ Unprofessional Behavior ရှိတဲ့အခါ
အလုပ်ခွင်မှာ Skill တင်မကဘဲ Attitude နဲ့ Behavior ကလည်း အရေးကြီးပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေကို မလေးစားခြင်း၊ Team Conflict များ ဖန်တီးခြင်း၊ Workplace Environment ကို ထိခိုက်စေတဲ့ အပြုအမူများ ရှိနေတဲ့အခါ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက်လည်း Warning Letter ကိုအသုံးပြုနိုင်ပါတယ်။
5️⃣ Manager ရဲ့ Instruction များကို မလိုက်နာတဲ့အခါ
Employee တစ်ယောက်အနေနဲ့ မိမိရဲ့ Role & Responsibility အတိုင်း တာဝန်ယူဆောင်ရွက်ရပါမယ်။
သင့်လျော်တဲ့ အကြောင်းပြချက်မရှိဘဲ တာဝန်ပေးအပ်ထားတဲ့ အလုပ်များကို လျစ်လျူရှုခြင်း၊ Manager ရဲ့ လမ်းညွှန်ချက်များကို အကြိမ်ကြိမ် မလိုက်နာခြင်းတွေ ဖြစ်လာတဲ့အခါ Warning Letter ထုတ်ပေးနိုင်ပါတယ်။
📌 Warning Letter မထုတ်ခင်မှာ HR အနေနဲ့လည်း သတိထားသင့်တဲ့အချက်တွေရှိပါတယ်။အဲ့ဒါတွေကတော့....
1️⃣ အချက်အလက်များကို စစ်ဆေးပါ။
ဆုံးဖြတ်ချက်မချခင် ဖြစ်ပွားခဲ့တဲ့ အခြေအနေ၊ Evidence နဲ့ သက်ဆိုင်ရာ Record တွေကို သေချာစစ်ဆေးသင့်ပါတယ်။
2️⃣ Employee ကို ရှင်းပြခွင့်ပေးပါ။
တစ်ဖက်သတ်ဆုံးဖြတ်ခြင်းမပြုဘဲ Employee ရဲ့ အမြင်၊ အကြောင်းပြချက်နဲ့ အခက်အခဲတွေကို နားထောင်ပေးသင့်ပါတယ်။
3️⃣ တရားမျှတစွာ ဆောင်ရွက်ပါ။
တူညီတဲ့ ပြဿနာတွေအတွက် Employee တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ Standard မသုံးဘဲ Fair & Consistent ဖြစ်အောင် ကိုင်တွယ်သင့်ပါတယ်။
4️⃣ ပြန်လည်တိုးတက်ဖို့ လမ်းညွှန်ပေးပါ။
Warning Letter ထုတ်ပေးပြီး ရပ်တန့်မနေဘဲ Employee ပိုမိုကောင်းမွန်လာဖို့ လိုအပ်တဲ့ Support နဲ့ Guidance တွေ ပေးသင့်ပါတယ်။
💥 Warning Letter ဆိုတာ Employee ကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ အသုံးပြုတဲ့အရာ မဟုတ်ပါဘူး။
✨ ကောင်းမွန်တဲ့ HR Management မှာ Warning Letter ကို Employee ရဲ့ အမှားကို ထောက်ပြဖို့သာမက၊ ပြဿနာရဲ့ အကြောင်းရင်းကို နားလည်စေပြီး ပိုမိုကောင်းမွန်တဲ့ Performance နဲ့ Behavior ရရှိလာအောင် လမ်းညွှန်ပေးတဲ့ Tool တစ်ခုအဖြစ် အသုံးပြုသင့်ပါတယ်။
📌 တရားမျှတမှု၊ ရှင်းလင်းတဲ့ Communication နဲ့ Improvement Opportunity တွေကို ပေါင်းစပ်ပေးနိုင်တဲ့အခါမှသာ Warning Letter ဟာ Punishment မဟုတ်ဘဲ Employee Development နဲ့ Organization Growth အတွက် အထောက်အကူပြုတဲ့ Process တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။